ရုရှားရန်ကြောင့် စစ်ရေးဘက်မလိုက်မူကို စွန့်ပြီး ဖင်လန်နဲ့ ဆွီဒင် NATO ထဲဝင်ပြီ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ရုရှားရန်ကြောင့် စစ်ရေးဘက်မလိုက်မူကို စွန့်ပြီး ဖင်လန်နဲ့ ဆွီဒင် NATO ထဲဝင်ပြီ - စစ်ရေးဘက်မလိုက် မူဝါဒ အဆုံးသတ်ကြောင်း ဖင်လန်နဲ့ဆွီဒင်တို့ အတည်ပြု ကြေညာပြီး လာမယ့် ဗုဒ္ဓဟူးနေ့ NATO အဖွဲ့ဝင် လျှောက်ထားလွှာ တင်သွင်းတော့မယ် - အမေရိကန်၊ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုမြို့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ လက်ရဖမ်းမိထားတဲ့ ၁၈ နှစ်သား သေနတ်သမားဟာ မနှစ်ကလည်း သူတက်နေတဲ့ကျောင်းမှာ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့လို့ ဖမ်းခံရပြီးကာမှ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးပြီး ပြန်လွှတ်ပေးထားခဲ့သူ ဖြစ်နေ - ရေလယ်ကျွန်းဒေသ ၉ ရွာထက်မနည်း ဆက်တိုက် မီးရှို့တိုက်ခိုက်ခံနေရ - ပျူစောထီးတွေ၊ တပ်ထောက်ခံသူတွေ အကူအညီနဲ့ စစ်ကောင်စီတပ်တွေ ရေလယ်ကျွန်းဒေသရွာတွေကို ပစ်မှတ်ထားနေ - ဝက်လက်နဲ့ မတ္တရာနယ်ထဲ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်၊ ဝင်မွှေပြီး စစ်ကောင်စီသင်္ဘော ၃ စင်း မန္တလေးကနေ အထက်ကို ဆန်တက် - သင်္ဘာပေါ်မှာတင်မက ကုန်းပေါ်မှာပါ လုံခြုံရေး စစ်ကြောင်းတွေ အင်အားရာချီသုံးပြီး ကြိုတင် ချထားခဲ့ - ရွှေကူနယ်ထဲ မြစ်ကြောင်းကောအောင်အထိ ရွှေတူးနေတဲ့ ရွှေဖောင်တွေကို ဒေသခံ PDF တွေက သတိပေးအပြီး ရွှေဖောင်တော်တော်များများ ထွက်ခွာသွားခဲ့ - တရုတ်ပြည်ထဲ အလုပ်မရတော့လို့ ကန်ပိုက်တီလမ်းကြောင်းကနေ ပြန်ဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အခက်အခဲ အမျိုးမျိုး တွေ့ကြုံနေ ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com