နိုင်ငံရေးနည်းနဲ့ အဖြေရှာလိုတယ်လို့ KIO ဗဟိုကော်မတီထုတ်ပြန်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

Podcast artwork

ဗုဒ္ဓဟူး မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၅ ရက် ၂၀၂၁) - အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ ကိုဗစ်ထိန်းချုပ်ရေး အကူအညီပေးမှုတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကျေးဇူးတင်ကြောင်း ပြောရင်းမှာပဲ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေူးနည်းနဲ့ အဖြေရှာလိုကြောင်း ထုတ်ပြန် - ကာဘူးလ်လေဆိပ်မှာ အမေရိကန် စစ်သားတွေကို ဩဂုတ်လကုန်ထိပဲ ဆက်ထားဖို့ ရည်ရွယ်ကြောင်း သမ္မတ ဘိုင်ဒင် ထပ်လောင်း ပြောဆို - NLD ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပြည်နယ် ကက်ဘိနက် တစ်ခုလုံးနီးပါးကို အဂတိ ပုဒ်မနဲ့ စစ်ကောင်စီက ထပ်တိုး စွပ်စွဲ၊ ဒေါက်တာခက်အောင်ရဲ့ ဇနီးသည် ဒေါက်တာ ဂျေ ကော့ဘူရဲ့ တုန့်ပြန်ချက် - ဖားကန့်မှာ မိုဘိုင်း အင်တာနက်တွေ ဖြတ်ထားလို့ လူတွေကြား သို့လောသို့လောနဲ့ လုံခြုံရေး ဆိုင်ရာ ကြောင့်ကြမှုတွေ ဖြစ်ပေါ်ပြီး ရိက္ခာဝယ်စုတာကအစ စိုးရိမ်နေ၊ - သထုံမှာ အမျိုးသမီးအဆောင်ကို စစ်ကောင်စီ တပ်ဖွဲ့ အင်အားသုံး ဝင်စီးပြီး အမျိုးသမီး ၂ ဦးကို ဖမ်းခဲ့ကြောင်း မိသားစုဝင်တစ်ဦးရဲ့ ပြောပြချက်။ - ရခိုင်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လာရင် အဆင်သင့် ဖြစ်စေဖို့ လိုအပ်တာတွေ လုပ်ဆောင်ထားပါ ဆိုပြီး ပြည်နယ် ပညာရေးရုံးက ညွှန်ကြားချက်ထွက်လာ၊ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ့်ရက် သတ်မှတ်ထားပြီးပြီလား .... ပညာရေး တာဝန်ရှိသူနဲ့ ဘီဘီစီ မေးမြန်းခန်း .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #အမေရိကန် #ဘိုင်ဒင် #ကိုဗစ် #ရခိုင် #ကချင် #KIO #KIA #ဖားကန့် #အင်တာနက်ဖြတ်တောက်မှု #သထုံ

Visit the podcast's native language site