ဒေါပုံဘောလုံးကွင်းထဲ ဖမ်းခံခဲ့ရတဲ့ ၁၂နှစ်သား ဘယ်ရောက်နေမှန်း မသိရ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ဒေါပုံဘောလုံးကွင်းထဲကနေ ဖမ်းခေါ်သွားခံရတဲ့ ကလေးငယ် ဘယ်ရောက်နေမှန်း မသိရ - ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား ၃ ဦးနဲ့ အတူ ဖမ်းခံခဲ့ရတဲ့ အသက်မပြည့်သေးသူ မောင်သက်ပိုင်စိုးကို ဘယ်မှာ ချုပ်နှောင်ထားမှန်း သတင်း အဆက်အသွယ်မရ - မြဝတီမြို့ နယ်စပ်ဖြတ်ကျော် တံတားဂိတ် ကားဗုံးခွဲ ခံရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြို့ဝန်းကျင် တိုက်ပွဲတွေ ပေါ်ပေါက်လာ၊ မနေ့ စနေနေ့ကထိ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရ - ယူကရိန်း စစ်ဘက် ပစ်မှတ် ၁၇ ခုကို မနေ့ စနေနေ့ တစ်ရက်တည်း ပစ်မလွဲ တိကျသေချာတဲ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မော်စကို ကြေညာ၊ အိုဒက်ဆာမြို့ လေယာဥ်ပြေးလမ်းပေါ် မစ်ဆိုင်းဒုံးတွေ ကျရောက် - ရုရှားတပ်တွေ ပိတ်ဆို့ထားတဲ့ မာရီယူပိုးလ် သံမဏိစက်ရုံဝင်းထဲကနေ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား အယောက် ၂၀ ကို ကယ်ထုတ်နိုင်၊ အရပ်သားတွေ ရာဂဏန်းတချို့ထိ စက်ရုံဝင်းထဲ ပုန်းအောင်း နေကြရ ... စတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ထိပ်တန်းရောက်သတင်းတွေ ကြည့်ရှု နားဆင်နိုင်ပါပြီ။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site