ဝမ်ပေါင်ကုမ္ပဏီရှိတဲ့ နယ်ထဲ စစ်ကောင်စီစစ်ကြောင်း ရွာစဥ်ဆက် ဝင်ရောက်နေ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ဝမ်ပေါင်ကုမ္ပဏီရှိတဲ့ နယ်ထဲ စစ်ကောင်စီစစ်ကြောင်း ရွာစဥ်ဆက် ဝင်ရောက်နေ - ဝမ်ပေါင်ရှိတဲ့ ဆားလင်းကြီးနယ်ထဲ ဘောင်းဘီရှည်ဝတ်ရင်ကို PDF ဆိုပြီး စစ်ကောင်စီတပ်က ပစ်မှတ်ထားသတ်ဖြတ် - ဆားလင်းကြီးနယ်ထဲ ရွာစဥ်ဆက် မီးရှို့တာတွေ၊ ရွာထဲစစ်ကြောင်းဝင်တာတွေ ဆက်တိုင်လုပ်နေလို့ ဒေသတွင်းရွာတွေက ပြည်သူတွေ ထွက်ပြေးနေရ - မန္တလေး သပိတ်ထဲ ပါဝင်သူတွေ စစ်ကောင်စီလက်ထဲရောက်သွားရာက သတင်းအစအန ပျောက်နေတာ အနည်းဆုံး သံဃာတစ်ပါး အပါအဝင် နောက်ထပ် အနည်းဆုံး ၅ ဦး ရှိနေ - ကချင်မြို့တော် မြစ်ကြီးနားမှာ ရာဇဝတ်မှု ထူပြော၊ ဆိုင်ကယ်လု လူသတ်၊ ဆိုင်တွေ အိမ်တွေထဲထိ ဝင်ပြီး ဓားပြတိုက်၊ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ မြို့ခံတွေပြော - စာသင်ခန်းထဲ ကလေးတွေအစုလိုက် အသတ်ခံခဲ့ရတဲ့ တက္ကဆက်ပြည်နယ်ထဲက မြို့ကို သမ္မတဘိုင်ဒင် ဒီနေ့သွားမယ် - သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ပါတီမကွဲပြားပဲ တစုတစည်းတည်း ဥပဒေ ထုတ်နိုင်ဖို့ သမ္မတဘိုင်ဒင် တိုက်တွန်း - အရင်သမ္မတ ထရမ့်ကတော့ သေနတ်ကိုင်ခွင့် လိုလားတဲ့ ရိုင်ဖယ်အသင်း စုဝေးမှုမှာ တက်ရောက် စကားပြောပြီး ... ဥပဒေလိုက်နာတဲ့ သူတွေဆီက သေနတ်ဖြုတ်ရမှာ မဟုတ်ဘူး ... ကျောင်းဆရာ ဆရာမတွေကို ကျောင်းမှာ သေနတ်တပ်ဆင်ပေးရမှာလို့ ပြောဆို ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com