လေးကေ့ကော် ဒုက္ခသည်တွေရဲ့ တဲတွေ မြစ်ရေတိုက်စားခံရလို့ နေစရာမရှိ ဖြစ်နေ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

Podcast artwork

လေးကေ့ကော် ဒုက္ခသည်တွေရဲ့ တဲတွေ မြစ်ရေတိုက်စားခံရလို့ နေစရာမရှိ ဖြစ်နေ - လေးကေ့ကော်နဲ့ဖလူးက စစ်ဘေးဒုက္ခသည်တွေရဲ့ သောင်ရင်းမြစ်ဘေးက ယာယီတဲတွေ မိုးကြီးရေလျှံပြီး ရေတိုက်စားတဲ့ ဒဏ်ကြောင့် တဲတွေ အလုံးလိုက်မျောတာ၊ ဖျက်ပြီး ကုန်းတွင်းကို ရွှေ့ရတာတွေနဲ့ ဘူးလေးရာ ဖရုံဆင့် ဒုက္ခတွေကြုံနေရ - ရခိုင်မှာလည်း မုန်တိုင်းအားပျော့ပြီလို့ မိုးဇလကြေညာပြီးကာမှ လေပြင်းကျပြီး မိုးသည်းလာလို့ ခရီးသည်တင်မော်တော်နဲ့ ငါးဖမ်းလှေတွေမှောက် - PDF အားပေးအမှုနဲ့ ရခိုင်မှာ ပထမဆုံး စဖမ်းခဲ့တဲ့ အမှုကို ထောင် ၃ နှစ်ချပြီ၊ PDF ဆက်စပ်စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ ရခိုင်ထဲက အမှုတွေ အကြောင်း ဘီဘီစီသတင်းထောက်ရဲ့ စုစည်းပြောပြချက် - ဩစတြေးလျမှာ လေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ် - ရှားပါးတဲ့ ကူးစက်ရောဂါ monkeypox ကို တွေ့နေရတာ နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီ။ ဘာလို့ ပြန့်နေရတာလဲ WHO အဖြေမထုတ်နိုင်သေး နယ်မြေတွေ လက်လွှတ်ပြီးမှာ အပစ်ရပ် သဘောတူမှု ရမယ်ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတရဲ့ အနီးကပ် အကြံပေးက ပြော .... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site