ကိုဗစ်ကြောင့် ရန်ကုန်မှာ တစ်နေ့တစ်နေ့ ထောင်ချီသေဆုံး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

Podcast artwork

တနင်္ဂနွေ မနက်ခင်း သတင်းများ (ဇူလိုင်လ ၁၈ ရက် ၂၀၂၁) ကိုဗစ်ကြောင့် ရန်ကုန်မှာ တစ်နေ့တစ်နေ့ ထောင်ချီသေဆုံး - သုသာန်တွေမှာ မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့လို့ ရုပ်အလောင်းတွေ စုပြီး ကျင်းတူးမြှုပ်ဖို့ နာကူသမားတချို့ ပြောလာ - သေဆုံးတဲ့ အရေအတွက်ဟာ လူမှုကူညီရေးလုပ်ဆောင်နေသူတွေ ပမာဏထက် အဆမတန်များနေ - ရှစ်လေးလုံး တိုက်ပွဲခေါ်သံထဲ ပါဝင်ပတ်သက်ခဲ့ပြီး ဘီဘီစီနဲ့တွဲ အသိများတဲ့ ဦးနေမင်း ကိုဗစ်ကြောင့်ကွယ်လွန် - မန္တလေးမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တဲ့ နေ့တွေမှာ လူနာတွေကောက်၊ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တဲ့ ကိုစွမ်းပြည့်အောင် နာမကျန်းဖြစ်ရာက အောက်ဆီဂျင်ကျပြီး ဆုံးပါး၊ ပရဟိတ အသိုင်းအဝိုင်း ထိခိုက်ခံစားရ - အီရန်နျူကလီယာ ထိန်းချုပ်ရေး ဆွေးနွေးပွဲနဲ့ အကျဥ်းသား လဲလှယ်ရေး မတူတဲ့ကိစ္စဖြစ်တယ်၊ ဆက်စပ်ပြီး မပြောနဲ့ဆိုပြီး အမေရိကန်ကို အီရန်တားမြစ် - အီသီယိုပီးယားမှာ မျိုးနွယ်စုပေါ် မူတည်ပြီး ပစ်မှတ်ထား ဖမ်းဆီးတာမျိုး မလုပ်ပါဘူးလို့ တောက်လျှောက်ငြင်းခဲ့တဲ့ အစိုးရဟာ တိဂရေး ဒေသ သူပုန်တွေကို ထောက်ခံတဲ့သူတွေလို့ သူတို့မသင်္ကာသမျှသူတွေ အယောက် ၃၀၀ ကျော် သိမ်းကြုံးဖမ်း။ စီးပွားရေးတွေကိုပါ ပိတ်ပင် - တိဂရေးနယ်ထဲမှာတော့ သူပုန်တွေ အသာစီးရပြီး နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာတာကြောင့် အစိုးရက တပ်အရွှေ့အပြောင်းတွေ လုပ်ပြီး တိဂရေးတွေ တပ်သစ်တွေ စေလွှတ်နေ ဂျာမနီ၊ ဘယ်လ်ဂျီယမ် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ရေကြီး၊ လက်ရှိ သေဆုံးစာရင်းထဲမှာကို အယောက် ၁၆၀ ကျော်နေပြီ၊ အင်အားထောင်ချီ သုံးပြီး ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆာင်နေ .... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုဗစ် #ရန်ကုန် #အီရန် #အမေရိကန် #အီသီယိုပီးယား

Visit the podcast's native language site