ယူကရိန်းနိုင်ငံအနှံ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ ရုရှားပစ်ခတ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ယူကရိန်းနိုင်ငံအနှံ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ ရုရှားပစ်ခတ် - ယူကရိန်း အရှေ့ခြမ်း ဒွန်းညက်စ်နဲ့ လုဟန့်စ်တို့ပါဝင်တဲ့ ဒွန်းဘတ်စ် ကို ကြိုတွက်ထားတဲ့ အတိုင်း ကြီးမားတဲ့ ပမာဏနဲ့ ရုရှားတပ်တွေ ထိုးစစ်ဆင် - ဒွန်းဘတ်စ်တိုက်ပွဲ စတင်ပြီလို့ သမ္မတဇာလန်စကီးကြေညာ - ပိုလန်နဲ့နယ်စပ် အနောက်ဘက်ပိုင်းမြို့ လာ့ဗီးဗ်လည်း ပစ်မှတ်ထား ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရလို့ လူ သေဆုံးမှုများ - ယူကရိန်းစစ်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်ပြီး စီးပွားတိုးနှုန်း အဆမတန် ကျဆင်းလိမ့်မယ်လို့ ကမ္ဘာ့ဘဏ် အကြီးအကဲပြော - အပြင်းထန်ဆုံး ရိုက်ခတ်ခံရမယ့် တိုင်းပြည်တွေကို ကူဖို့ ဒေါ်လာ ဘီလီယံ ၁၇၀ ဖိုး အထိ ကူညီရေး အစီအစဥ်တွေ ကမ္ဘာ့ဘဏ် အသင့်ပြင်ထား - ကရင်နီနဲ့ ရခိုင်က စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ စားနပ် ရိက္ခာ ရှားပါး ပြတ်တောက်မှု အခြေအနေတွေ အကြောင်း .... စတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ထိပ်တန်းရောက်သတင်းတွေ နားထောင်နိုင်ပြီ ..... မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site