စစ်ကိုင်းတိုင်း ခင်ဦးနယ်ထဲ ရွာတွေဆက်မီးရှို့ ခံနေရလို့ လူ ၇ ထောင် ထပ်ထွက်ပြေးရ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

- စစ်ကောင်စီနဲ့ ပျူစောထီး စုပေါင်းတပ်တွေ ခင်ဦးနယ်ထဲက ရွာတွေကို မြေလှန်မီးရှို့တဲ့ စနစ် ဆက်ပြီး ကျင့်သုံးနေ .. အင်အားရာချီတဲ့ စစ်ကြောင်းတွေ စစ်ဖြစ်နေသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာကို ဝင်စီးကြတယ်လို့ ဒေသခံတွေပြော - နိုင်ငံတောင်ပိုင်း တနင်္သာရီမြို့နယ်ထဲက တကူနဲ့သာရဘွင် ရွာတွေကသူတွေလည်း လက်နက်ကြီးဒဏ်၊ တိုက်ပွဲဒဏ်ကြောင့် ထွက်ပြေးနေကြရတာကနေ သီတင်းတစ်ပတ်ကျော် ကြာတဲ့အထိ အိမ်မပြန်ရဲပဲ တိမ်းရှောင်နေကြရ - အေအေနဲ့ တိုက်ပွဲပြင်းထန်ခဲ့လို့ ၁၄၄ ထုတ်ပြီး အသွားအလာကန့်သတ်ထားတဲ့ ပလက်ဝမှာ ဇွန်လဆန်း ကျောင်းတွေ ပြန်ဖွင့်နိုင်မှာလား ... - သမ္မတဇလန်စကီး ယူကရိန်းရဲ့ အရှေ့မြောက်ဒေသ ရုရှားတွေရဲ့ အဓိက ပစ်မှတ် ခါးကိဗ်မြို့ ရှေ့တန်းစစ်မျက်နှာပြင်ထိ ရုရှားကျူးကျော်စစ် စတင်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သွားရောက် - အမေရိကန်သမိုင်း အခုနောက်ဆုံး ၁၀ စုနှစ်မှာ အဆိုးရွားဆုံး သေနတ်ရာဇဝတ်မှု ဖြစ်ခဲ့တဲ့ တက္ကဆက် ယူဗာလ်ဒီမြို့ကို သမ္မတဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်တို့ သွားရောက်၊ ကလေး ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်တို့ သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့တဲ့မြို့မှာ ကျန်ရစ်သူ မိသားစုတွေက သေနတ်ကိုင် အကြမ်းဖက်မှုတွေ နောင်မပေါ်ပေါက်အောင် လုပ်ဆောင်ပေးဖို့ သမ္မတကို တောင်းဆို .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com