ရွှေဘိုနဲ့ မုံရွာနယ်ထဲ စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ကျေးရွာပေါင်း ၉ ရွာထက်မနည်းကို မီးတင်ရှို့
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

စစ်ကိုင်းထဲ ၃ ရက်အတွင်း ရွာ ၉ ရွာ မီးရှို့ခံရ - စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ မုံရွာနယ်ထဲ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကျေးရွာပေါင်း ၉ ရွာထက်မနည်းကို မီးတင်ရှို့ - ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ ၊ ရုရှားတပ်တွေ ဝိုင်းထားတဲ့ သံမဏိစက်ရုံ ဝင်းကြီးထဲကနေ အရပ်သားတွေကို ကုလသမဂ္ဂ အစီအစဥ်နဲ့ ဘေးလွတ်ရာကို ကယ်ထုတ်နေ - ယူကရိန်း အရှေ့ဘက်နယ်တလွှားကို ရုရှားက ဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန် ဆက်ပြီး တိုက်ခိုက် - ပဲရစ်မြို့ မေဒေးနေ့ ဆန္ဒပြပွဲကနေ အဓိကရုဏ်း အသွင်ကူးပြောင်း၊ လူ ၅၀ ကျော် အဖမ်းခံရ၊ ပြင်သစ်မှာ ပင်စင်သက် ၆၅ နှစ်ထိ တိုးလိုက်လို့ နိုင်ငံတလွှား ဆန္ဒပြနေ - စစ်အာဏာသိမ်းခံထားရတဲ့ အာဖရိက ၃ နိုင်ငံ အရပ်သားတွေထံ အာဏာ အမြန်ဆုံး ပြန်အပ်ဖို့ ကုလ အတွင်းရေးမှူးချုပ်တောင်းဆို - ရခိုင် အမ်းမြို့မှာ နေအိမ်တွေ၊ စျေးဆိုင်တွေ ဖယ်ရှားခံနေရ - တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ရလာတဲ့ ယွမ်ငွေကို နေ့ချင်းလဲစရာမလို၊ တစ်လအထိ ကိုင်ထားနိုင် .... စတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ထိပ်တန်းရောက် သတင်းတွေ ကြည့်ရှုနားဆင် နိုင်ပါပြီ။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com