ယူကရိန်းစာသင်ကျောင်းကို ရုရှားကဗုံးကြဲလို့ အရပ်သား ၆၀ သေဆုံး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ယူကရိန်းစာသင်ကျောင်းကို ရုရှားကဗုံးကြဲလို့ အရပ်သား ၆၀ သေဆုံး - ယူကရိန်းအရှေ့ဘက်ခြမ်း ရွာဗုံးကြဲခံနေရလို့ စာသင်ကျောင်းထဲ ခိုလှုံနေရသူတွေ ... အဲဒီကျောင်းပါ လေကြောင်း တိုက်ခိုက်ခံရတဲ့အတွက် အရပ်သား ၆၀ အစုလိုက် သေဆုံး - စက်မှုထိပ်သီး ၇ နိုင်ငံ G-7 အဖွဲ့က ရုရှားအပေါ် အရေးယူမှု အသစ်တွေ ထပ်တိုးလုပ်ဆောင် - နာဇီဂျာမနီအပေါ် အောင်နိုင်ခဲ့တဲ့ ၇၇ နှစ်ပြည့် အချိန် ပူတင်ရဲ့ ရန်လိုမှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ပေးဆပ်ခဲ့ရတဲ့ ရုရှားပြည်သူတွေကို အရှက်ရစေတယ်လို့ G-7 ဝေဖန် - ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲမှာ ပြည်သူတွေ မဲထည့်နေပြီ၊ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား မားကို့စ်အငယ် သမ္မတဖြစ်လာဖို့ လက်တကမ်းအလိုမှာ ရှိနေတယ်လို့ အကဲခတ်တွေပြော - တနင်္သာရီမှာ PDF တွေ စစ်ရေး အရှိန်မြှင့် ဆောင်ရွက်နေ - ရခိုင်မှာ အေအေအပေါ် ပစ်မှတ်ထားတဲ့ ရွာတွင်း စီးနင်းရှာဖွေမှုတွေ စစ်ကောင်စီဘက်က ဆက်လက်လုပ်ဆောင် - မန္တလေးမှာလည်း ညဘက်ဝင်စီးနင်းတာ၊ ဖမ်းခေါ်တာ၊ လမ်းပေါ် စစ်ဆေးမေးမြန်းတာတွေနဲ့ စစ်ကောင်စီ လုံခြုံရေး တင်းကြပ်ထား .... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com