ရုရှားလက်ချက်နဲ့ မာရီယူပိုးလ်မြို့ရယ်လို့ မရှိတော့ဘူး

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

ရုရှားလက်ချက်နဲ့ မာရီယူပိုးလ်မြို့ရယ်လို့ မရှိတော့ဘူး - ရုရှားတို့ရဲ့ ဒုံးကျည်ဒဏ်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်တွေ သီတင်းပတ်ပေါင်းများစွာ ခံခဲ့ရတဲ့ အတွက် မာရီယူပိုးလ်မြို့ရယ်လို့ ခေါ်နိုင်စရာ မကျန်တော့ဘူးလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးပြော - သမ္မတဇလန်စကီးက စစ်လွန်ကာလ ထူထောင်ရေး အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ အကြီးအကဲနဲ့ စကားပြောပြီး လက်တွေ့ အစီအစဥ်တွေ ချမှတ် - IMF နဲ့ G7 တို့ထံက ဒေါ်လာ ဘီလီယံ ၅၀ အထိ ယူကရိန်း တောင်းသွားဖို့ရှိ - အခုသီတင်းပတ် အမေရိကန် ဝါရှင်တန်မြို့တော်မှာ ပြုလုပ်မယ့် IMF နဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးတွေကို ယူကရိန်း ဝန်ကြီးချုပ် တက်ရောက်မယ် - ထိုင်းဘက်က မြန်မာလုပ်သား ၂သိန်း အထိ ခေါ်မယ် ပြောထားပေမယ့် အထမြောက် မလာသေးတာ ဘာ့ကြောင့်လဲ - ရခိုင်ထဲကနေ မွတ်ဆလင် အသိုင်းအဝိုင်း တွေ့ကြုံနေရတဲ့ အခြေအနေ .... စတဲ့ နိုင်ငံတကာနဲ့ပြည်တွင်း ထိပ်တန်းရောက် သတင်းတွေ ကြည့်ရှုနားဆင်နိုင်ပြီ။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site