ယူကရိန်း ခွဲထွက်ဒေသနှစ်ခုကို ရုရှားက အသိအမှတ်ပြုလိုက်အပြီးမှာ ဥရောပတခုလုံး လုံခြုံရေးအန္တရာယ် ရှိလာနေပြီလို့ ယူကရိန်းသမ္မတပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Ein Podcast von BBC Burmese Radio

Podcast artwork

စစ်ကောင်စီက လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက မြန်မာနိုင်ငံတဝန်း နှစ်ခြောက်လုံးနေ့ သပိတ်တွေ ဆင်နွှဲခဲ့၊ ပုလဲမြို့နယ်နဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ မီးရှို့ခံခဲ့ရ၊ မြန်မာစစ်တပ်ကို တရုတ်၊ ရုရှား၊ ဆားဘီးယားတို့က လက်နက်ထောက်ပံ့နေတယ်လို့ ကုလကိုယ်စားလှယ်ပြော၊ စစ်အာဏာသိမ်းတဲ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ စာရေးဆရာ ထင်လင်းဦးနဲ့ မောင်သာချို တို့ကို အလုပ်နဲ့ ထောင်ဒဏ် ချမှတ်လိုက်၊ ယူကရိန်းကနေ ခွဲထွက်သွားတဲ့ ဒေသနှစ်ခုကို ရုရှားက အသိအမှတ် ပြုလိုက်အပြီးမှာ ဥရောပတခုလုံးမှာ လုံခြုံရေး အန္တရာယ် ရှိလာနေပြီလို့ ယူကရိန်းသမ္မတပြော၊ ရုရှားနဲ့ ဂျာမနီအကြား အရေးပါတဲ့ Nord Stream Two ဂက်စ်ပိုက်လိုင်းစီမံကိန်းကို ဂျာမနီက ရပ်ဆိုင်းလိုက်

Visit the podcast's native language site